Message from Translator

ဒီစာအုပ်ဟာ CC-BY-NC-ND-3.0 License နဲ့ဖြစ်နေတဲ့အတွက် ဒီအတိုင်းဘာသာပြန်ခွင့်မရှိပါဘူး ( No Derivative နဲ့ငြိနေတာကို ) ။ အဲ့တာကြောင့် http://linuxcommand.org/lc3_translations.php ကအတိုင်း မူရင်း စာရေးသူဆီ email နဲ့ခွင့်ပြုချက်တောင်းပြီး ဘာသာပြန်ဖို့ စီစဥ်ခဲ့ပါတယ်။ ခွင့်ပြုချက်ရထားတာကတော့ ကြာပါပြီး။ ရေးလိုက်၊ ဖျက်လိုက်နဲ့ အခုမှ သေချာလုပ်ဖြစ်တယ် ဆိုပါတော့ :3 မူရင်းစာအုပ်ကို https://linuxcommand.org/tlcl.php မှာ သွား ဖတ်လို့ ရပါတယ်။

အစကတော့ စာရေးဟန်နဲ့ ရေးဖို့ စဉ်းစားခဲ့ပေမယ်ံ့ စကားပြောဟန်က ပိုပြီး နားလည်လွယ်တယ်လို့ ယူဆတဲ့အတွက် စကားပြောဟန်နဲ့ပဲ ဘာသာပြန်သွားမှာဖြစ်ပါတယ်။ တချို့ မြန်မာမှုပြုရခက် ( ကျွန်တော် မပြန်တတ် ) တဲ့ စကားလုံးတွေကို ဒီအတိုင်း technical term အတိုင်း သုံးသွားမှာဖြစ်ပါတယ်။ ပြီးတော့ ဘာသာမပြန်တတ်တဲ့ စာကြောင်းတွေလည်း ဒီအတိုင်း ( စာအုပ်ထဲက အတိုင်း ) ရေးသွားမှာပါ။

ကျွန်တော် အဓိက content ကိုတော့ GitBook မှာရေးပါတယ်။ Content တွေကို GitHub မှာ mirror လုပ်ထားပါတယ်။ အဲ့မှာ issue, pull requests စသည်ဖြင့် contribute လုပ်လို့ရပါတယ်ဗျ။

ချစ်ခြင်းများစွာဖြင့် - ဟိန်းသန့်

Last updated