> For the complete documentation index, see [llms.txt](https://htmm.gitbook.io/the-linux-command-line/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://htmm.gitbook.io/the-linux-command-line/introduction/how-to-read-this-book.md).

# ဒီစာအုပ်ကို ဘယ်လိုဖတ်မလဲ

ရှင်းရှင်းလေးပါပဲ ... အစကနေ စဖတ်၊ ဆုံးတဲ့အထိပေါ့။ ဒါက reference သဘောမျိုး ရေးထားတာမဟုတ်ဘဲ စ၊ လည်၊ ဆုံး သုံးမျိုးလုံး ကို အဆက်အဆက်မိအောင် သေချာ ရေးထားပါတယ်။

### အခြေခံလိုအပ်ချက်

ဒီစာအုပ်က စဖတ်ဖို့ဆိုရင် Linux install ထားဖို့ လိုပါတယ်။ Linux install တာကလည်း ပုံစံနှစ်မျိုးနဲ့ install လို့ရပါတယ်:

1. **Computer ( အသစ်/အဟောင်း) တစ်ခုမှာ install လုပ်ခြင်း** ။ ဘယ် Linux distro သုံးသုံး အရေးမကြီးပါဘူး ... အများစုကတော့ Ubuntu တို့ Fedora တို့ OpenSUSE တို့နဲ့ စကြတယ်။ စဉ်းစားရခက်နေရင် Ubuntu နဲ့ စလိုက်ပါ။ အခုခေတ် Linux install တာက ကိုယ့် hardware ပေါ်မူတည်ပြီး လွယ်နိုင်သလို ခက်လည်း ခက်နိုင်ပါတယ်။ ကျွန်တော် အကြံပေးချင်တာကတော့ အနည်းဆုံး RAM 2 GB၊ 6 GB disk space ရှိတဲ့ desktop computer အဟောင်းဆိုလည်း မဆိုးပါဘူး။ laptop နဲ့ wireless တွေကို ရှောင်ပေါ့။ သူတို့ဆီမှာ install ရတာ တခါတလေ လက်ပေါက်ကပ်ပါတယ်။
2. **Live CD ( သို့ ) Live USB ကို သုံးခြင်း** ။ Linux နဲ့ပတ်သက်ပြီး ကောင်းတဲ့တစ်ချက်က Linux ကို install မလုပ်ဘဲ CDROM၊ ဒါမှမဟုတ် USB drive ပေါ်ကနေ တိုက်ရိုက်သုံးလို့ရတာပဲဖြစ်ပါတယ်။ BIOS ထဲဝင်၊ computer ကို CDROM ဒါမှမဟုတ် USB drive ကနေ boot တက်အောင် ရွေး၊ reboot လုပ်ရုံပဲ။ ဒီနည်းလမ်းက ကိုယ့် computer နဲ့ linux distro နဲ့ ကိုက်၊ မကိုက် စမ်းဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲ။ ဒါပေမယ့် မကောင်းတဲ့တစ်ချက်က hard drive ပေါ် install ထားတာနဲ့ယှဉ်ရင် သူကတော့ နည်းနည်းနှေးတယ်ဗျ။ Ubuntu ရော Fedora တို့မှာရော အဲ့လို Live version တွေရှိကြတယ်။

ဘာနည်းနဲ့ပဲ install ထား install ထား ... တခါတလေ ဒီစာအုပ်ထဲက သင်ခန်းစာတွေကို စမ်းကြည့်ဖို့အတွက် super user ( တစ်နည်း administrative ) access ရဖို့ လိုပါတယ်။

Linux install ပြီးလို့ သုံးလို့ရပြီးဆိုရင် စာအုပ် စ, ဖတ်လို့ရပါပြီးဗျ။ ကိုယ့် computer နဲ့ စ, စမ်းကြည့်၊ စ,လုပ်ကြည့်ပေါ့။ သင်ခန်းစာအများစုက လက်တွေ့လေ့ကျင့်ခန်း ( hands on ) တွေဖြစ်တာများပါတယ်။ အဲ့တော့ ထိုင်ပြီး စမ်းလို့ရတာပေါ့။
