> For the complete documentation index, see [llms.txt](https://htmm.gitbook.io/the-linux-command-line/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://htmm.gitbook.io/the-linux-command-line/introduction/what-this-book-about.md).

# ဒီစာအုပ်က ဘာအကြောင်းလဲ

ဒီစာအုပ်က Linux command တွေကို ဘယ်လိုအသုံးချသွားမလဲဆိုတာကို အဓိကပြောပြသွားမှာဖြစ်ပါတယ်။ တခြားစာအုပ်တွေမျိုး program တစ်ခုတည်း ( ဥပမာ - bash ) ကို ပြောသွားမှာ မဟုတ်ဘဲ CLI ကနေပြီး ဘယ်လိုမျိုးထိ အများကြီး လုပ်သွားနိုင်လဲဆိုတာကို အဓိကပြောသွားမှာပါ။ သူတို့ ( CLI program ) တွေ ဘယ်လို အလုပ်လုပ်လဲ၊ ဘာတွေ လုပ်ပေးနိုင်လဲ၊ အကောင်းဆုံးဖြစ်အောင် ဘယ်လိုသုံးကြမလဲဆိုတာတွေကို လေ့လာကြမှာဖြစ်ပါတယ်။

**ဒီစာအုပ်ဟာ Linux Administration အကြောင်း ရေးထားတဲ့ စာအုပ်မဟုတ်ပါဘူး။** Linux command တွေအကြောင်း ပြောကြတဲ့အခါ administration အကြောင်းရောက်နိုင်ပေမယ့် ဒီစာအုပ်မှာတော့ administration အကြောင်းကို  နည်းနည်းလေးပဲ ပြောသွားမှာပါ။ ဒါပေမယ့် ဒီစာအုပ်ကနေပြီးတော့ Linux administration အတွက် လိုအပ်တဲ့ အခြေခံ skill တွေဖြစ်တဲ့ command line အသုံးပြုနည်းတို့၊ တခြား အရေးပါတဲ့ tools တွေကို စာဖတ်သူတွေ သိရှိ၊ သုံးတတ်လာအောင်လုပ်ပေးမှာပါ။

**ဒီစာအုပ်မှာ Linux ကိုပဲ အဓိကထား ဦးစားပေးသွားမှာပါ။** တစ်ချို့စာအုပ်တွေကတော့ တခြား Unix တို့ macOS တို့အကြောင်းပါ ပါလေ့ရှိပါတယ်။ အဲ့လိုလုပ်တော့ အဲ့စာအုပ်တွေက ( OS တိုင်းမှာ ဆင်တူတဲ့  ) general topic လောက်ပဲ ရေးနိုင်ကြတော့တယ်။ ဒီစာအုပ်မှာတော့ Linux distributions တွေပဲ ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာအုပ်ရဲ့ 95% လောက်က တခြား Unix-like OS သုံးတဲ့လူတွေအတွက်လည်း အသုံးဝင်မှာပါ။ စာအုပ်ကတော့ modern Linux command line သုံးတဲ့လူတွေအတွက် ဦးစားပေးရေးထားတာပါ။
