The Linux Command Line
  • Message from Translator
  • The Linux Command Line
  • Introduction
    • စာအုပ် မိတ်ဆက်
    • ဘာ့ကြောင့် CLI ကိုသုံးနေတာလဲ
    • ဒီစာအုပ်က ဘာအကြောင်းလဲ
    • ဒီစာအုပ်ကို ဘယ်သူတွေဖတ်သင့်လဲ
    • ဒီစာအုပ်မှာ ဘာတွေပါလဲ
    • ဒီစာအုပ်ကို ဘယ်လိုဖတ်မလဲ
    • ဘာလို့ GNU/Linux လို့မခေါ်တာလဲ
    • ဆက်လက် ဖတ်ရှုရန်
  • CH-1 What is Shell
    • အခန်း ( ၁ ) - shell ဆိုတာ ဘာလဲ
    • စာလုံးတွေထည့်ကြည့်ခြင်း
    • mouse၊ focus အကြောင်းလေး
Powered by GitBook
On this page

Was this helpful?

  1. Introduction

ဒီစာအုပ်က ဘာအကြောင်းလဲ

ဒီစာအုပ်က Linux command တွေကို ဘယ်လိုအသုံးချသွားမလဲဆိုတာကို အဓိကပြောပြသွားမှာဖြစ်ပါတယ်။ တခြားစာအုပ်တွေမျိုး program တစ်ခုတည်း ( ဥပမာ - bash ) ကို ပြောသွားမှာ မဟုတ်ဘဲ CLI ကနေပြီး ဘယ်လိုမျိုးထိ အများကြီး လုပ်သွားနိုင်လဲဆိုတာကို အဓိကပြောသွားမှာပါ။ သူတို့ ( CLI program ) တွေ ဘယ်လို အလုပ်လုပ်လဲ၊ ဘာတွေ လုပ်ပေးနိုင်လဲ၊ အကောင်းဆုံးဖြစ်အောင် ဘယ်လိုသုံးကြမလဲဆိုတာတွေကို လေ့လာကြမှာဖြစ်ပါတယ်။

ဒီစာအုပ်ဟာ Linux Administration အကြောင်း ရေးထားတဲ့ စာအုပ်မဟုတ်ပါဘူး။ Linux command တွေအကြောင်း ပြောကြတဲ့အခါ administration အကြောင်းရောက်နိုင်ပေမယ့် ဒီစာအုပ်မှာတော့ administration အကြောင်းကို နည်းနည်းလေးပဲ ပြောသွားမှာပါ။ ဒါပေမယ့် ဒီစာအုပ်ကနေပြီးတော့ Linux administration အတွက် လိုအပ်တဲ့ အခြေခံ skill တွေဖြစ်တဲ့ command line အသုံးပြုနည်းတို့၊ တခြား အရေးပါတဲ့ tools တွေကို စာဖတ်သူတွေ သိရှိ၊ သုံးတတ်လာအောင်လုပ်ပေးမှာပါ။

ဒီစာအုပ်မှာ Linux ကိုပဲ အဓိကထား ဦးစားပေးသွားမှာပါ။ တစ်ချို့စာအုပ်တွေကတော့ တခြား Unix တို့ macOS တို့အကြောင်းပါ ပါလေ့ရှိပါတယ်။ အဲ့လိုလုပ်တော့ အဲ့စာအုပ်တွေက ( OS တိုင်းမှာ ဆင်တူတဲ့ ) general topic လောက်ပဲ ရေးနိုင်ကြတော့တယ်။ ဒီစာအုပ်မှာတော့ Linux distributions တွေပဲ ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စာအုပ်ရဲ့ 95% လောက်က တခြား Unix-like OS သုံးတဲ့လူတွေအတွက်လည်း အသုံးဝင်မှာပါ။ စာအုပ်ကတော့ modern Linux command line သုံးတဲ့လူတွေအတွက် ဦးစားပေးရေးထားတာပါ။

Previousဘာ့ကြောင့် CLI ကိုသုံးနေတာလဲNextဒီစာအုပ်ကို ဘယ်သူတွေဖတ်သင့်လဲ

Last updated 3 years ago

Was this helpful?