> For the complete documentation index, see [llms.txt](https://htmm.gitbook.io/the-linux-command-line/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://htmm.gitbook.io/the-linux-command-line/introduction/who-should-read-this.md).

# ဒီစာအုပ်ကို ဘယ်သူတွေဖတ်သင့်လဲ

ဒီစာအုပ်ကတော့ တခြား platform တွေကနေ Linux ကို စပြီး ပြောင်းသုံးမယ့် သူတွေအတွက်ပါ။ စာဖတ်သူဟာ Microsoft Windows လို တခြား OS တွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့ power user ဖြစ်ရင်ဖြစ်မှာပါ။ ဒါမှမဟုတ် boss က Linux server ကို administer လုပ်ဖို့၊ ဒါမှမဟုတ် SBC ( single board computer ) လိုဟာမျိုးကို စမ်းကြည့်ချင်လို့၊ ဒါမဟုတ် တခြား OS တွေရဲ့ ပြဿနာပေါင်းတစ်သောင်းခြောက်ထောင်ကြောင့် Linux စမ်းသုံးချင်လို့ စသည်ဖြင့်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစာအုပ်ကနေပြီးတော့ ကြိုဆိုလိုက်ပါတယ်။

ပြောနေကြသလိုပါပဲ Linux ကိုကျွမ်းကျင်ဖို့ဆိုတာ ဖြတ်လမ်းမရှိပါဘူး။ Linux command line ကို လေ့လာဖို့ဆိုတော နည်းနည်းတော့ ခက်ခဲသလို သေသေချာချာလည်း အားစိုက်ရပါတယ်။ အရမ်းခက်တာတော့ မဟုတ်ပါဘူး။ အရမ်းများလို့ပါ။ ပုံမှန် Linux distribution တစ်ခုမှာဆို command တွေဟာ ထောင်နဲ့ချီပြီး ရှိနေတတ်ပါတယ်။ အဲ့တော့ စာဖတ်သူဟာ ကိုယ့်ကိုကိုယ် သတိပေးမိမှာပါ။ Command Line လေ့လာတယ်ဆိုတာ သာမန်အရာတော့ မဟုတ်ဘူးပေါ့။ *( Consider yourself warned; learning the command line is not a casual endeavor. -- translation not sure )*

တစ်ဖက်မှာလည်း Linux command line ကို လေ့လာရတာ အရမ်းကို တန်ပါတယ်။ စာဖတ်သူဟာ ကိုယ့်ကိုကိုယ် power user တစ်ယောက်လို့ ထင်နေတာလား ... နေပါဦး ... တကယ့် power ဆိုတာဘာလဲဆိုတာ စာဖတ်သူ မသိသေးပါဘူး။ တခြား computer skill တွေနဲ့မတူတဲ့အချက်က Command Line ကိုလေ့လာထားတာက ကြာကြာအသုံးဝင်ပါတယ်။ ဒီနေ့လေ့လာလိုက်တာနဲ့ နောက် ၁၀ နှစ်လောက်ထိ ကောင်းကောင်း အသုံးချလို့ရ ( အသုံးဝင် ) ဦးမှာ။ Command Line ကိုက အချိန်ဘယ်လောက်ကြာကြာ survive လုပ်နိုင်တာကိုး။

ပြီးတော့ စာဖတ်သူကို programming အတွေ့အကြုံမရှိဘူးလို့လည်း ယူဆထားပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အဲ့ဘက်အကြောင်းလည်း ပြောသွားဦးမှာပါ။
