အခန်း ( ၁ ) - shell ဆိုတာ ဘာလဲ
ကျွန်တော်တို့ command line အကြောင်းပြောကြတဲ့အခါမှ တကယ်တမ်းတော့ shell ကိုပဲ ရည်ညွှန်းပြီး ပြောနေကြတာဖြစ်ပါတယ်။ တကယ်တော့ shell ဆိုတာ keyboard ဆီက input ကို လက်ခံပြီး OS ဆီကို အလုပ်လုပ်ဆောင်ဖို့ ပို့ပေးတဲ့ program တစ်ခုဖြစ်ပါတယ်။ Linux distribution အများစုမှာ GNU project က develop လုပ်ထားတဲ့ bash ကို shell အနေနဲ့ ထည့်သွင်းထားပါတယ်။ bash
ဆိုတာက အရင် Unix တွေမှာ ပါတဲ့၊ Steve Bourne ရေးထားတဲ့ sh
ကို ပိုကောင်းအောင် ထပ်မံပြုပြင်ပြီးထွက်ရှိလာတဲ့ "Bourne Again SHell" ရဲ့အတိုကောက်ပဲဖြစ်ပါတယ်။
Terminal Emulator
ကျွန်တော်တို့ Graphical User Interface ( GUI ) ကို သုံးတဲ့အခါမှာ shell နဲ့ဆက်သွယ်ဖို့အတွက် terminal emulator လို့ခေါ်တဲ့ program လေးတစ်ခုလိုလာတယ်ဗျ။ စာဖတ်သူရဲ့ desktop menu ကို ကြည့်လိုက်မယ်ဆိုရင် terminal emulator တစ်ခုခုတွေ့နိုင်တယ်။ KDE မှာဆို Konsole၊ GNOME မှာဆို gnome-terminal
စသည်ဖြင့်ပေါ့။ လွယ်လွယ်ပြောရင်တော့ terminal
လို့ပဲ menu မှာပေါ်ပါတယ်။ Linux မှာဆို အဲ့လို terminal emulator အမျိုးအစား အများကြီးရှိတယ်။ ဒါပေမယ့် အားလုံးက shell နဲ့ ဆက်သွယ်နိုင်ခြင်းဆိုတဲ့ အလုပ်တစ်ခုကို တူတူလုပ်ပေးနိုင်ပါတယ်။ အားလုံး တူတူပါပဲ။ စာဖတ်သူကတော့ ဘယ် terminal ကို ဘယ် terminal ထက်ပိုကြိုက်တယ်ဆိုတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ emulator တစ်ခုနဲ့တစ်ခုကတော့ ပုံစံတို့၊ ပါတဲ့ feature တို့နည်းနည်း ကွဲတာကိုး။
Last updated