> For the complete documentation index, see [llms.txt](https://htmm.gitbook.io/the-linux-command-line/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://htmm.gitbook.io/the-linux-command-line/introduction/what-is-in-this-book.md).

# ဒီစာအုပ်မှာ ဘာတွေပါလဲ

ဒီစာအုပ်မှာ ပါတဲ့အကြောင်းအရာတိုင်းကို ဆရာတစ်ယောက်အရှေ့မှာရောက်နေသလို ဖြစ်အောင် စနစ်တကျ စီစဉ်ထားပါတယ်။ စာရေးဆရာအများစုကတော့ ဒီလိုမျိုးအကြောင်းအရာမျိုးကို အစဥ်အတိုင်း ( တစ်ခုပြီးတစ်ခု ) ထဲထဲဝင်ဝင် ပြောပြတတ်၊ ရေးတတ်ကြတယ်။ ဒါက စာရေးဆရာအနေနဲ့တော့ အဆင်ပြေတာပေါ့။ စာဖတ်တဲ့လူအနေနဲ့ကတော့ ရှုပ်သွားနိုင်တယ်။

ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်နောက်တစ်ခုက စာဖတ်သူကို Windows နဲ့ မတူတဲ့ Unix ရဲ့ စဉ်းစားပုံ၊ စဉ်းစားနည်းအတိုင်း စဉ်းစားတတ်အောင် ဆွဲခေါ်သွားဖို့ပဲဖြစ်ပါတယ်။ ဖတ်ရင်းနဲ့ တချို့အရာတွေ ဘာလိုအလုပ်လုပ်တယ်၊ ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို နားလည်လာမှာပါ။ Linux ဆိုတာ software တစ်ခုသက်သက်မဟုတ်ပါဘူး။ Unix culture ရဲ့ အစိတ်အပိုင်းသေးသေးတစ်ခုဆိုလည်း မမှားပါဘူး။ သူ့မှာလည်း သူ့ဘာသာစကား၊ သူ့သမိုင်းနဲ့ သူကိုး။ နောက် တစ်ချက်နှစ်ချက်တော့ ရေးဖြစ်မှာပါ။ *( I might throw in a rant or two, as well. )*

ဒီစာအုပ်မှာ အဓိကအပိုင်း ( ၄ ) ပိုင်းခွဲထားပါတယ်။ တစ်ပိုင်းဆီတိုင်းကတော့ သူ့အထိုက်အလျှောက် အတွေ့အကြုံပေးသွားမှာပါ။

* **အပိုင်း ( ၁ ) - shell ကိုလေ့လာခြင်း** ဖြင့် ကျွန်တော်တို့ command line အခြေခံတွေ command တွေရဲ့ ပုံစံ ( structure ) တွေ၊ file system အကြောင်း၊ command line ကို ပြင်တာတို့၊ တခြား အကူအညီတွေ၊ documentation တွေကို ကြည့်တဲ့ command တွေအကြောင်းကို သိရှိစေမှာပါ။
* **အပိုင်း ( ၂ ) - ပြုပြင်ခြင်းနှင့် environment** မှာတော့  ကျွန်တော်တို့ configuration file တွေကို command line ကနေ ဘယ်လိုပြင်မလဲစသည်ဖြင့် အဲ့တာတွေကို လေ့လာသွားရမှာဖြစ်ပါတယ်။
* **အပိုင်း ( ၃ )  - နေ့စဥ်သုံး tools များနှင့် အလုပ်များ** မှာဆိုရင် command line ကနေပြီးတော့ အဓိကလုပ်နေတဲ့ အလုပ် ( tasks ) တွေအကြောင်းကို အများကြီးလေ့လာရမှာ ဖြစ်ပါတယ်။ Linux လို Unix-like OS တွေမှာဆိုရင် အရမ်းကို စွမ်းဆောင်ချက်မြင့်တဲ့ အလုပ် ( powerful tasks ) တွေကိုလုပ်ဖို့အတွက် command တွေအများကြီးရှိပါတယ်။
* **အပိုင်း ( ၄ ) - shell script ရေးခြင်း** မှာဆိုရင် အခြေခံလည်းကျ၊ လေ့လာရလွယ်ကူတဲ့ shell programming နဲ့ တချို့ tasks တွေကို အလိုအလျောက်လုပ်နိုင်အောင် ဘယ်လို automate မလဲဆိုတာကို လေ့လာရမှာဖြစ်ပါတယ်။ shell programming ကို လေ့လာလိုက်တာနဲ့ တခြား programming language တွေမှာ ပြန်သုံးလို့ရ ( ဆင်တူတဲ့ ) အချက် ( concept ) တွေ သိရှိလာမှာဖြစ်ပါတယ်။
