စာအုပ် မိတ်ဆက်

ကျွန်တော် ဖြစ်ရပ်လေးတစ်ခု ပြောပြချင်တယ်ဗျ။

Linus Torvalds 1991 ခုနှစ်မှာ Linux kernel ရဲ့ ပထမဆုံး version ကို ဘယ်လိုရေးခဲ့တယ်ဆိုတာတော့ မဟုတ်ဘူးပေါ့။ ဒီအကြောင်းတွေက စာဖတ်သူလည်း Linux စာအုပ်တော်တော်များများမှာ ဖတ်ဖူးမှာပါ။ ပြီတော့း Richard Stallman က free Unix-like OS တစ်ခုအတွက် GNU project ကိုဘယ်လိုစခဲ့လဲဆိုတဲ့အကြောင်းလည်း မဟုတ်ပြန်ဘူး။ ဒါတွေကလည်း အရေးပါ ပါတယ်။ ဒါလည်း စာအုပ်တော်တော်များများမှာ ပါတာပါပဲ။

ကျွန်တော် အဓိကပြောပြချင်တာက ကျွန်တော်တို့ computer တွေကို ဘယ်လို အပြည့်အဝ control ရနိုင်မလဲပေါ့။

ကျွန်တော် computer နဲ့စပြီး ထိတွေ့တဲ့အချိန် 1970 ဝန်းကျင် ကောလိပ်ကျောင်းသားဘဝကပေါ့၊ နည်းပညာဟာလည်း တော်တော်လေးကို တိုးတက်ပြောင်းလဲနေတယ်ဗျ။ microprocessor တွေကို တီထွင်နိုင်မှုကလည်း ကျွန်တော်တို့လို သာမန်လူတွေကို computer တွေနဲ့ ပိုပြီး နီးစပ်စေခဲ့တယ်။ computer တွေကို ပေါပေါသီသီ ဝယ်လာနိုင်တယ်ပေါ့ဗျာ။ အခုခေတ်လူတွေကို အနေနဲ့ အဲ့ခေတ်ကို မှန်းကြည့်ဖို့တောင် တော်တော်လေးခက်မယ်။ အစိုးရတို့၊ ကုမ္ပဏီကြီးတွေပဲ computer သုံးနိုင်ကြတယ်။ ရှင်းရှင်းပြောရရင် သာမန်လူတွေအနေနဲ့ ဘာမှမပြီး၊ မလွယ်ဘူးပေါ့။

အခုခေတ်ကျတော့ တော်တော်လေးကို ပြောင်းလဲသွားပြီး။ အသေးဆုံး လက်ပတ်နာရီတွေက စပြီး data center ကြီးတွေအထိ နေရာတိုင်းမှာ computer တွေကြီးပဲ။ အဲ့လို computer တွေ ပေါလာသလိုပဲ သူတို့အချင်းချင်း ဆက်သွယ်ထားတဲ့ network တွေကလည်း ပိုပြီး ကြီးလာ၊ များလာတာပေါ့။ အဲ့ကစပြီး တကယ့်ကို personal empowerment နဲ့ creative freedom အတွက် ခေတ်ကြီးတစ်ခေတ်ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ဆယ်စုနှစ်အနည်းငယ်အကြာမှာတော့ တခြားမထင်ထားတာတွေဖြစ်လာခဲ့တယ်။ ကော်ပိုရေးရှင်းတစ်ချို့က user တွေကို ဘာလုပ်ခွင့်ပေးမယ်၊ ဘာလုပ်ခွင့်မပေးဘူးစသည်ဖြင့် computer တွေကို ထိန်းချုပ်ဖို့ကြိုးစားလာကြတယ်။ ကံကောင်းတာက တခြားတစ်ဖက်မှာလည်း တစ်ချို့လူတွေက သူတို့ computer တွေကို အပြည့်အဝ control လုပ်နိုင်ဖို့ အပြည့်အဝကြိုးစားနေကြတယ်၊ သူတို့ ကိုယ်ပိုင် software ရေးနေကြတယ်။ Linux လို OS မျိုးတွေကို ဖန်တီးနေကြတယ်။

လူတော်တော်များများက လွတ်လပ်မှု ( freedom ) လို့ပြောလိုက်တာနဲ့ Linux နဲ့တွဲပြီးမြင်ကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့တွေ freedom အစစ်အမှန်ဆိုတာ ဘာလဲဆိုတော သိမယ်မထင်ဘူးဗျ။ တကယ့် freedom ဆိုတာ ကိုယ့် computer ကို ဘာလုပ်စေချင်လဲဆိုပြီး အပြည့်အဝဆုံးဖြတ်နိုင်ခွင့်၊ ထိန်းချုပ်နိုင်ခွင့်ပဲဖြစ်တယ်။ အဲ့ freedom ကို ရဖို့ဆိုတာကလည်း တစ်နည်းပဲရှိတယ်၊ ကိုယ့် computer က ဘာလုပ်နေလဲဆိုတာကို သိရမယ်။ freedom ဆိုတာ ကိုယ့် computer အကြောင်း ( ဘာလုပ်နေတယ်၊ ဘာဖြစ်နေတယ် ) ဆိုတာကို လျှို့ဝှက်ချက်မရှိဘဲ သိနိုင်ခွင့်ပဲဖြစ်ပါတယ်။

Last updated