The Linux Command Line
  • Message from Translator
  • The Linux Command Line
  • Introduction
    • စာအုပ် မိတ်ဆက်
    • ဘာ့ကြောင့် CLI ကိုသုံးနေတာလဲ
    • ဒီစာအုပ်က ဘာအကြောင်းလဲ
    • ဒီစာအုပ်ကို ဘယ်သူတွေဖတ်သင့်လဲ
    • ဒီစာအုပ်မှာ ဘာတွေပါလဲ
    • ဒီစာအုပ်ကို ဘယ်လိုဖတ်မလဲ
    • ဘာလို့ GNU/Linux လို့မခေါ်တာလဲ
    • ဆက်လက် ဖတ်ရှုရန်
  • CH-1 What is Shell
    • အခန်း ( ၁ ) - shell ဆိုတာ ဘာလဲ
    • စာလုံးတွေထည့်ကြည့်ခြင်း
    • mouse၊ focus အကြောင်းလေး
Powered by GitBook
On this page

Was this helpful?

  1. Introduction

ဘာလို့ GNU/Linux လို့မခေါ်တာလဲ

တစ်ချို့နေရာမှာဆိုရင် Linux OS ကို GNU/Linux OS လို့ခေါ်တာပိုပြီးတော့ မှန်ပါတယ်။ ဒါပေမယ့် အဓိကပြဿနာက Linux ခေါ်ဖို့ ပြည့်စုံတဲ့နာမည် တိတိကျကျမရှိတာပဲ။ ဘာလို့ဆိုတော့ Linux ကို နယ်ပယ်မျိုးစုံးက လူအများကြီးက စုပေါင်းပြီး develop လုပ်ထားလို့ပါ။ နည်းပညာရှုထောင့်ကဆိုရင်တော့ Linux ဆိုတာက OS ရဲ့ kernel နာမည်တစ်ခုပါပဲ၊ အဲ့ထက်မပိုပါဘူး။ kernel က OS တစ်ခုခု အလုပ်လုပ်ဖို့ အလွန်အရေးပါပါတယ်။ ဒါပေမယ့် သူ့ချည်းနဲ့လည်း OS တစ်ခုမဖြစ်ပြန်ဘူး။

Free Software Foundation ရဲ့တည်ထောင်သူ၊ GNU project ကိုစခဲ့သူ၊ GNU C Compiler ( gcc ) ကို စရေးတဲ့သူ၊ GNU General Public License၊ စသည်ဖြင့် အများကြီး၊ အများကြီး လုပ်ခဲ့တဲ့သူတစ်ယောက် ... သူကတော့ Linux ကို "GNU/Linux" လို့ခေါ်စေချင်တယ်။ အဲ့ဒါမှ GNU project ရဲ့အရေးပါတဲ့ ကူညီထောက်ပံ့မှုတွေကို ထင်ဟပ်စေမှာလေ။ ( He insists that you call it “GNU/Linux” to prop- erly reflect the contributions of the GNU Project - translation not sure ) GNU project အနေနဲ့ Linux kernel မှာ အများကြီး ကူညီခဲ့တာမှန်ပါတယ်၊ အသိအမှတ်လည်း ပြုသင့်ပါတယ်။ ဒါပေမယ့် "GNU/Linux" ဆိုပြီး နာမည်မှာသွားထည့်တာကတော့ kernel ကို အများကြီး contribute လုပ်ထားတဲ့ အပြင်လူတစ်ယောက်အတွက် ဘယ်တရားပါ့မလဲ။ ကျွန်တော့်အမြင်ကတော့ "Linux/GNU" လို့ခေါ်တာပိုပြီး မှန်မယ်ထင်တယ်။ ဘာလို့ဆို kernel ကအရင် စ ( boot တက် ) ပြီးမှ ကျန်တာတွေက သူ့အပေါ်မှာ run တာလေ။

အများစုသုံးကြတဲ့ အခေါ်အဝေါ်အရဆိုရင် Linux ဆိုတာ kernel နဲ့ တခြား free and open-source အစိတ်အပိုင်း အားလုံး ( GNU သက်သက်မဟုတ် ) အစုအဝေးကို ရည်ညွှန်းပါတယ်။ ပြီးတော့ OS ဈေးကွက်၊ နယ်ပယ်မှာလည်း DOS, Windows, macOS, Solaris, Irix, AIX တို့လို စကားလုံးတစ်ခုတည်းပါတဲ့ နာမည်ကို ပိုသဘောကျကြတယ်ဆိုတော့ ကျွန်တော်လည်း အဲ့အတိုင်းပဲ ( Linux လို့ ) သုံးသွားမှာပါ။ ဒါပေမယ့် စာဖတ်သူက "GNU/Linux" လို့ ခေါ်ချင်တယ်ဆိုလည်း စိတ်ထဲကနေပဲ "Linux" နေရာမှာ "GNU/Linux" လို့ပြောင်းပြီး ဖတ်သွားလိုက်ပါ။ ဘာမှမဖြစ်ပါဘူး။

Previousဒီစာအုပ်ကို ဘယ်လိုဖတ်မလဲNextဆက်လက် ဖတ်ရှုရန်

Last updated 3 years ago

Was this helpful?