> For the complete documentation index, see [llms.txt](https://htmm.gitbook.io/the-linux-command-line/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://htmm.gitbook.io/the-linux-command-line/introduction/wth-we-use-cli.md).

# ဘာ့ကြောင့် CLI ကိုသုံးနေတာလဲ

စာဖတ်သူလည်း မြင်ဖူးမှာပေါ့ - ရုပ်ရှင်တွေထဲမှာ လူတစ်ယောက်က computer ကြီးရှေ့ချ၊ keyboard တဖြောင်းဖြောင်းရိုက် ... စက္ကန့် ( 30 ) လောက်နဲ့ ကမ္ဘာ့အလုံခြုံဆုံးစစ်တပ် computer တွေထဲ ဖောက်ဝင် ဘာညာပေါ့။ mouse တောင် လုံးဝ မထိလိုက်ဘူးဗျာ။ ဒီလို keyboard နဲ့ရိုက်မှ၊ အလုပ်လုပ်မှ လိုချင်တာရမယ်၊ ပြီးချင်တဲ့အလုပ်ပြီးမယ်ဆိုတာ ရုပ်ရှင်ထုတ်တဲ့လူတွေကလည်း သိတယ်လေ။&#x20;

အခုခေတ် computer သုံးတဲ့လူတော်တော်များများဟာ Graphical User Interface ( GUI ) နဲ့ ရင်းနှီးကြမှာပါ။ ပြီးတော့ သင်တန်းတွေမှာဖြစ်ဖြစ်၊ computer ထုတ်တဲ့ vendor တွေက တဆင့် Command Line Interface ( CLI ) ကို ကြောက်စရာအရာတစ်ခုအနေနဲ့ သိခဲ့ကြမှပေါ့။ ဒါပေမယ့် သေသေချာချာ ဖန်တီးထားတဲ့ Command Line Interface တစ်ခုဟာ လူတွေအချင်းချင်း စာရေးပြီး ဆက်သွယ်ကြသလိုပဲ computer တွေနဲ့ ဆက်သွယ်ဖို့ အများကြီးရိုးရှင်း လွယ်ကူတယ်ဗျ။

Unix လို OS family နောက်ပိုင်း Linux ထွက်လာကတည်းက Linux ဟာ Unix လိုပဲ Command Line Tools အများကြီး ပါလာတယ်ဗျ။ Unix ကလည်း 1980s အစောပိုင်း ( GUI တွေသိပ်မကျယ်ပြန့်သေးတဲ့အချိန် ) မှာ အရမ်းကို အရေးပါ၊ အရာရောက်တဲ့ OS တစ်ခုဖြစ်ခဲ့တယ်။ အဲ့တာကြောင့်ပဲ GUI program တွေအစား CLI program တွေကို အများကြီး ဖန်တီးခဲ့ကြတယ်။ In fact, one of the strongest reasons early adopters of Linux chose it over, say, Windows NT was the powerful command line interface that made the “difficult tasks possible.”
