> For the complete documentation index, see [llms.txt](https://htmm.gitbook.io/the-linux-command-line/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://htmm.gitbook.io/the-linux-command-line/chapter-one-what-is-shell/first-input.md).

# စာလုံးတွေထည့်ကြည့်ခြင်း

ကဲ စလိုက်ရအောင်။ အရင်ဆုံး terminal လေးဖွင့်လိုက်ပေါ့။ terminal တက်လာပြီးဆိုရင် အောက်ကလိုမျိုး မြင်ရမှာဖြစ်ပါတယ်။

```
[me@linuxbox ~] $
```

အဲ့တာကို shell prompt လို့ခေါ်ပါတယ်။ ပြီးတော့ သူက ဘယ်အချိန်ပေါ်လဲဆိုတော့ shell ကနေပြီး ခိုင်းစေချက် ( input ) လက်ခံဖို့အဆင်သင့်ဖြစ်တဲ့အချိန်ပေါ်ပါတယ်။ သူ့ပုံစံက Linux distro ပေါ်မူတည်ပြီး ကွဲပြားနိုင်ပေမယ့် ပုံမှန်အားဖြင့် `username@machinename` ၊ ပြီးရင်အဲ့တာ အနောက်မှာ လက်ရှိအလုပ်လုပ်နေတဲ့ ( ရောက်နေတဲ့ ) directory ရယ်၊ dollar sign လေးရယ် ပါလေ့ရှိပါတယ်။

{% hint style="info" %}
အကယ်၍ terminal session ကို superuser လုပ်ဆောင်ခွင့် ( superuser privileges ) နဲ့ဖွင့်ထားခဲ့မယ်ဆိုရင် dollar sign အစား hash sign ( # ) လေးဖြစ်နေတတ်ပါတယ်။ # လေးက ကျွန်တော်တို့ကို root user အနေနဲ့ login ဝင်ထားတယ် ( သို့မဟုတ် ) administrative privilege ရှိနေတဲ့ terminal ကိုရောက်နေတယ်ဆိုတာ ပြောပြနေမှာဖြစ်ပါတယ်။
{% endhint %}

အားလုံးအဆင်ပြေတယ်လို့ ယူဆလိုက်ပါမယ်။ အောက်ကလို ရမ်းသမ်းပြီး တစ်ခုခုရိုက်ကြည့်ရအောင်။

```
[me@linuxbox ~] $ kaekfjaeifj
```

အပေါ်က command က ဘာမှမဟုတ်တဲ့အတွက် ( အဓိပ္ပါယ်မရှိ၊ မမှန်တဲ့ အတွက် ) shell ကနေပြီး ကျွန်တော်တို့ကို မှားနေတဲ့အကြောင်းပြောပြီး နောက်ထပ်ရိုက်ဖို့ prompt လေးပြန်ပေးမှာဖြစ်ပါတယ်။

```
bash: kaekfjaeifj: command not found
[me@linuxbox ~]
```

### command မှတ်တမ်း

တကယ်လို့ ကျွန်တော်တို့တွေ အပေါ်မြား ( up arrow key ) ကို နှိပ်လိုက်မယ်ဆိုရင် ခဏကရိုက်ခဲ့တဲ့ command `kaekfjaeifj` ကို ပြန်တွေ့ရမှာဖြစ်ပါတယ်။ အဲ့တာကို command မှတ်တမ်း ( command history ) လို့ခေါ်ပါတယ်။ Linux distro အများစုက လာကတည်းက ( by default ) နောက်ဆုံးရိုက်ခဲ့တဲ့ command ပေါင်း 1000 ကို မှတ်ထားလေ့ရှိပါတယ်။ အခုချိန် အောက်မြား ( down arrow ) ကိုနှိပ်လိုက်ရင် ခဏက command ပြန်ပျောက်သွားတာတွေ့ရမှာပါ။

### cursor နေရာရွှေ့ခြင်း

အပေါ်မြားကို နှိပ်ပြီး ခဏက command ကို ပြန်ခေါ်လိုက်ပါမယ်။ ပြီးရင် ဘယ်ဘက် ( left-arrow )၊ ညာဘက် ( right-arrow ) ကိုလိုက်နှိပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ cursor ကို command ရဲ့ကြိုက်တဲ့နေရာမှာ ထားလို့ရတာတွေ့ရမှာပါ။ ဒါဟာ ကျွန်တော်တို့တွေ ( command ကို ) ပြင်တဲ့အခါ အများကြီး လွယ်ကူစေမှာပါ။
